Wednesday, November 14, 2012

ဒီမြေပုံအတိုင်းဆိုရင်

ကမ္ဘာမှာ စစ်ပွဲနှစ်ပွဲပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။

စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့
ဘယ်နိုင်ငံနဲ့ လဲ
ဂျော့ဒဘလျူဘုရှ်ဖြေတယ်။

ငါတို့ ရဲ့  ဟာသကလည်း ထို့ အတူ
ဘယ်အရာနဲ့ လဲ။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံး သေကုန်တော့မှာပဲ။
.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့် )

No comments:

Post a Comment