LP ဆိုတာ Long Playing
နာကျင်မိနစ်ပဲ
ခင်ဗျားတို့ အသင်းမှာ တစ်ချက်နှစ်ချက်
ကျွန်တော်လာကန်ပေးမယ်ပေါ့
လူ့ စွမ်းအား အရင်းအမြစ်ပေါ့
ဝေါဟာရဆန်လှချည်လား
အာဖရိကထဲ ကမ္ဘာ့ဖလားကျပါပြီ
ဘွဲ့ ယူပြီး ဗွက်ထဲရုန်းဖို့ 
မိုးခလား မိုးခါးလား ကျွန်တော်မန္တလေးတကယ်ရောက်လား
အားလုံးကောင်းပါသည်ပေါ့ဗျား
မြစ်ထဲမှာ မိုးဟာပိုရွာတတ်ပါတယ်
ပြန်ဆင်းပြေးလို့ လည်းမရ ခုန်ချလို့ လည်းမရ
ဗဂျီအောင်စိုး ကွယ်လွန်ခြင်းအနှစ် ၂၀ ထဲ
ကိုမြင့်စိုးကိုတွေ့ လိုက်မိသလိုပဲ
လုပ်ကြမလား ဆေးသုတ်သမား ဆေးသားမညီ
အစာစားပြီးပြီလား အဆင်ပြေလား ဘယ်လိုနေသေးလဲ
ရပ်လို့ မရ လျှောက်လို့ မရ ဖြစ်ဖြစ်နေလား
ရှည်လျားကွေ့ ကောက်လွန်းတဲ့  လမ်းတွေသာ
သင်လည်းပျော်မွေ့ ဖွယ်ရာ။
.
(ဘယ်သူပြောပြော ကိုယ်ပြောတယ် – စိုင်းဝင်းမြင့် )
No comments:
Post a Comment